Tuesday, January 15, 2008

ချစ်တတ်သူရဲ့ အကြံကောင်း

ကျောက်မျက်ရတနာရောင်းသော ဆိုင်တစ်ဆိုင်တွင် လူငယ်တစ်ယောက်သည် တန်ဖိုးကြီးမားသော လည်ဆွဲလော့ကတ်သီးတစ်ခုကို သူ့ ချစ်သူကောင်မလေးကို လက်ဆောင်အဖြစ်ဝယ်ပေးလိုက်သည်။
“ဒီလော့ကတ်သီးပေါ်မှာ သူမရဲ့ နာမည်ကိုများ ရေးထွင်းပေးလိုက်ရမလားရှင်” ဟု ရတနာရောင်းသူက မေးလိုက်သည်။”
ဝယ်သူက တစ်ခဏ စဉ်းစားလိုက်ပြီးမှ ပြန်ပြောလိုက်သည်မှာ ”ဟင့်အင်း၊ ကျွန်တော်ရဲ့ တစ်ဦးတည်းသော ချစ်ရသူအတွက်လို့ပဲ ရေးပေးပါဗျာ၊ ဒါမှ ကျွန်တော်တို့ ကွဲသွားကြရင် ကျွန်တော်ပြန်ပြီး နောက်ထပ်သုံးလို့ ရမှာပေါ့”

မောင်မောင်မြင့်သိန်း (အချစ်ဟာသ)

No comments: