Sunday, September 4, 2011

jealous

ပြည်စုံတဲ့ မိသားစုတစ်ခုကို တွေ့ဆုံရရင် ငါ J ၀င်တယ်... ဘာလို့လဲ ငါက broken family

အရာရာ ပြည့်စုံတဲ့ ပတ်ဝန်းကျင်ကို ပိုင်ဆိုင်တဲ့ လူကို တွေ့ရင် ငါ J ၀င်တယ် ဘာလို့လဲ အမှီမရှိတဲ့ ငါက တစ်ချိန်လုံး ရုန်းကန်နေရတယ်..

ဒါပေမယ့် ငါ ကျေနပ်တယ်.. ငါကြိုးစားလို့ရတဲ့ ဘ၀ကို ငါပျော်နေပီ ငါ့အတွက် လာတဲ့အရာအားလုံးငါလက်ခံယူမယ်....

တက်လမ်း

အချိန်တွေကုန်လာတာနဲ့အမျှ ခံစားမှုတွေ နာကျင်မှုတွေ ကြုံဆုံရသလို ဘ၀မှာပျော်ရွှင်စရာ ကြည်နူးစရာတွေလဲ ပါတတ်ပါတယ်... ဘ၀မှာအပြောင်းအလဲလေးတွေနဲ့ တွေ့ကြုံရမှ ဘ၀က အဓိပ္ပါယ်ရှိသလို ခံစား၇တယ်.. နာကျင်မှုတွေပြီးရင် ပျော်ရွှင်မှုတွေလာသလို ... အဆင်မပြေတဲ့နေ့တွေ ကြုံဆုံပြီးရင်လဲ ပြေလည်မှုတွေပြန်လာတတ်ပါတယ်... ဘ၀မှာ မျှော်လင့်ချက်ရှိမှ အဓိပ္ပါယ်ရှိသလို ဘ၀မှာ အဓိပ္ပါယ် ရှိတာတွေလုပ်ဆောင်ဖို့လဲ မျှော်လင့်ကြိုးစားနေရမယ်. .. အခက်အခဲတွေ ပီးရင် ပြေလည်မှုတွေရောက်လာတတ်ပါတယ်... အမြဲပြည့်စုံနေတဲ့ ဘ၀က အဓိပ္ပယ် မဲ့သလို တက်ကြွလန်းဆန်းမှုတွေလဲ ဆိတ်သုန်းရတယ်... နောက်ပိုင်းလာမယ့် အရာတွေကို မကြောက်တတ်တော့ဘူး ဘ၀အတွက် အခက်အခဲတွေ ဘာတွေခံစားရမလဲ နာကျင်ရမလဲ အားလုံးကို စိန်ခေါ်တတ်ပီ ............ငါမကြောက်တတ်တော့ဘူး... :)

Tuesday, March 29, 2011

နှင်းဖြူရဲ့ ဒိုင်ယာရီ -၁-

နှင်းတွေကျနေတဲ့ မနက်ခင်း ကောင်မလေးတစ်ယောက်ငိုနေတယ်...

သူ့အကိုမိန်းမ ဈေးဝယ်ခိုင်းလိုက်တဲ့ ပိုက်ဆံ တစ်ကျပ် မြောင်းတံတားမှာ ကျသွားလို့ အိမ်မပြန်ရဲလို့လေ.

နှင်းဖြူမှာ ဖအေတူ မအေကွဲ အကိုနှစ်ယောက်နဲ့ အမ တစ်ယောက် သူ့ရဲ့ မွေးချင်းအစ်မ နှစ်ယောက်လဲရှိတယ်..နှင်းဖြူ တို့ညီအစ်မတွေက သူတို့လက်ထဲမှာကြီးပျင်းခဲ့တယ်

သူတို့ကတော့ သူတို့ မောင်နှမ သုံးယောက်ကိုပဲ သွေးချင်းလိုသတ်မှတ်ကြတယ်... အဲဒီအချိန်က နှင်းဖြူ အသက်က 9နှစ်သမီးအရွယ်လေးပေါ့... နှင်းဖြူတို့က ငယ်တော့ သူတို့ကို ကြောက်ရတယ်...နှင်းဖြူ အဖေက သူ့ရဲ့လုပ်ငန်း ရေခဲလုပ်ငန်းကို သူ့သားအကြီးပြိးတော့ အငယ်ကို ပေးခဲ့တယ်.. သူတို့နဲ့အတူ ထမင်းစားတော့ နှင်းဖြူက သူတို့ ခိုင်းတာလုပ်ရတယ်.. သူတို့သားတွေ ထိန်းပေးရတယ်.. သူ့မိန်းမက ကရင်မလေ အရမ်းစိတ်ထားဆိုးတာပေါ့.........အခုလဲ နှင်းဖြူ အိမ်မပြန်ရဲပဲ လမ်းထိပ်မှာငိုနေတာကို လမ်းထိပ်က ဆေးဆိုင်က ဦးဦးက နှင်းဖြူ အတွက် ပိုက်ဆံတစ်ကျပ်စိုက်ပေးလို့ အိမ်ပြန်ရဲခဲ့တယ်.. အဲဒီဦးဥိးကို နှင်းဖြူ ဘယ်တော့မှ မမေ့ဘူး...အမြဲမှတ်မိနေခဲ့တယ်..............နှင်းဖြူဘ၀မှာ အမှတ်တရ ဦးဦးတစ်ယောက်ပေါ့း) နှင်းဖြူ ၄တန်းလောက်မှာ ဖောပီးအပြင်းဖျားတယ်... အမေမရှိတော့ အမအကြီးဆုံးကပဲ ကုန်းပုံးပီး ဆေးရုံကို လိုက်ပို့ရတယ်... ဆေးရုံသွားဖို့ ပိုက်ဆံမရှိတော့ အမ သူငယ်ချင်းက ကူညီခဲ့တယ်... အမကြီးအမိရာ နှင်းဖြူရဲ့အသက်က အမကြောင့် ဆက်တည်မြဲခဲ့တယ်... အဲဒီနှစ်က လေးတန်းအစိုးရစစ်စားမေးပွဲမဖြေခဲ့ရပဲ တစ်နှစ်ကျခဲ့တယ်... အမေ....

Wednesday, March 9, 2011


ညီမတွေကို အမြဲ အားပေးတတ်တဲ့ အမ စံပယ်ကို ကျေးဇူးတင်လျက် ... ...း)

အသက်ရှင်ရင်း နဲ့ ဘ၀ရဲ့တိုက်ပွဲတွေ နွှဲရင်း.....း)