Saturday, December 13, 2008

ကျွန်မရဲ.ချစ်ခြင်း ၁

ဒီခေါင်းစဉ်လေးဘဲ ကောင်းမယ်ထင်ပါတယ်..နော်. ဘာလို့လဲဆိုတော့ အခုကျွန်မရဲ့ ချစ်ခြင်းအကြောင်းပြောမှာဆိုတော့.. ``လူတိုင်းမှာ အချစ်ဆိုတာရှိကြတယ်တဲ့.. ဒါကတော့ ကျွန်မပြောတာမဟုတ်ပါဘူးနော်... လူတိုင်းပြောကြတဲ့စကားတစ်ခွန်းပေါ့.. အချစ်ဒသနအကြောင်းတွေ ပြောလောက်အောင် အချစ်နဲ့ပက်သက်ရင် ကျွန်မက ရင့်ကျက်တဲ့သူ မဟုတ်ပါဘူး..အင်း..အခု ကျွန်မပြောတဲ့ ချစ်ခြင်းအကြောင်းလေးကို ဖတ်ကြည့်ပေးကြပါနော်... ကျွန်မစာမရေးတတ်ပါဘူး.. ဒါပေမယ့် ခံစားတတ်တဲ့လူတစ်ယောက်မှာ ရေးစရာစကားလုံးတွေ စာရွက် မလောက်နိုင်အောင် များပြားတယ်ဆိုတာ ရှင်တို့လည်း သိမှာပေါ့နော်.. ကျွန်မရဲ့ ချစ်ခြင်းကိုပြောရရင် ကျွန်မဘ၀အကြောင်းလေးလည်း တစ်စိတ်တစ်ဒေသ ပါမှဖြစ်မှာလေ..ကျွန်မဘ၀က ငယ်ငယ်တည်းက အထီးကျန်ဆန်တယ်.. အချစ်ဆိုတာကို မိဘ၊ ညီအစ်ကိုမောင်နှမ ကြားမှာတောင်မသိခဲ့ရဘူး..ဖြတ်သန်းခဲ့တဲ့ ဘ၀တလျှောက်မှာ မနူးညံ့အတွက် အချစ်ဟာ ကျွန်မအတွက်တော့ ပျက်လုံးတစ်ခုလိုပါဘဲ.. ငယ်ငယ်တည်းက မိသားစု အားနည်းချက်ကြောင့် လူတောမတိုးရဲခဲ့တဲ့ ကျွန်မဟာ ချစ်ခင်စရာ သူငယ်ချင်းကောင်းတွေတော့ ရခဲ့ဖူးပါတယ်.. ဒါပေမယ့်ခဏတာ တကွေ့မှာ တွေ့ကြပြီး နောက်တော့လဲ ကိုယ့်လမ်းကိုယ် လျှောက်ကြရတာပေါ့နော်... တက္ကသိုလ် တတ်တဲ့တလျှောက်မှာ ပျော်စရာတွေ ရှိခဲ့သလို စိတ်ညစ်စရာ စိတ်ပင်ပန်းစရာတွေလဲ ကြုံခဲ့ရတာပေါ့.. လူတောမတိုးတဲ့ ကျွန်မအတွက်တော့ သူငယ်ချင်းနည်းနည်းလေးကဘဲ ကျွန်မအတွက်တော့ ပျော်ရွှင်ကျေနပ်စရာ လက်ဆောင်ကောင်းတွေပါဘဲ.. ကျွန်မစိတ်ညစ်စရာ ပျော်စရာတွေကို မျှဝေခံစားပေးကြတယ်..တစ်ခါတစ်လေကျတော့ သူတို့စကားနားမထောင်တဲ့ ကျွန်မကို ဆရာလုပ်တတ်ကြသေးတယ်လေ.. ခေါင်းမာတတ်တဲ့ ကျွန်မအတွက် သူတို့တွေလဲ စိတ်ညစ်ခဲ့ရဘူးပါတယ်..ကျွန်မဘ၀အတွက်တော့ သူတို့တွေဟာ ချစ်စရာ အကောင်းဆုံး မမေ့နိုင်တဲ့ သူငယ်ချင်းကောင်းတွေပါဘဲ.. ကျွန်မချစ်တဲ့ လူတွေ အကြောင်းရေးမယ်ဆိုရင် ကုန်မှာမဟုတ်တော့ဘူး.. သြော်...ပြောရအုံးမယ်..ဒီလိုနဲ့ ကျွန်မဘ၀မှာ နောက်ထပ်ချစ်မြတ်နိုးရမယ့် လူတစ်ယောက်ကိုထပ်တွေ့ခဲ့သေးတယ်...သူကတော့ ကျွန်မခေါင်းစဉ်ရဲ့ အဓိက ပုံရိပ်လေးပေါ့နော်..ကျွန်မဘ၀ရဲ့ အဓိက သရုပ်ဆောင်ဆိုရင်လည်းမမှားဘူးပေါ့...သူကကြင်နာတတ်တယ်.. စိတ်ထားဖြူတယ်..ဂရုစိုက်တတ်တယ်.. ကျွန်မငတ်မွတ်နေတဲ့ အရာတွေကို သူကပေးနိုင်တယ်.. ဒါကြောင့်ကျွန်မချစ်မိတာ လွန်တယ်မထင်ပါဘူး.. အချစ်ဆိုတာ နှစ်ဖက်စလုံးက တုံ့ပြန်မှုရှိမှ အချစ်ဆိုတာ ဖြစ်လာတာ မဟုတ်ပါဘူး.. တစ်ယောက်က ချစ်နေရင်ဘဲ အချစ်ဆိုတာ ဖြစ်ပေါ်လို့ရပါတယ်..ရှင်တို့ကော ဘယ်လိုထင်လဲ ကျွန်မဘက်က ထောက်ခံတယ်မှတ်လား.. အဟား....ကျွန်မကြောင့် သူစိတ်ညစ်ရသလို ပျော်ရွှင်တဲ့အခါလည်း ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်နေတယ်..

ဆက်ရန်....

အလှတရား

ပန်းတစ်ပွင့်ရဲ့ အလှကို ရနံ. နဲ.တင်စားရင်
ကောင်းကင်ရဲ့အလှကိုတော့ ကြယ်လေးတွေနဲ့တင်စားကြတယ်.
ပင်လယ်ရဲ့ အလှ ကတော့ လှိုင်းလေးတွေ မပါလို့မဖြစ်ဘူးလေ.
လူတစ်ယောက်ရဲ့ အလှကိုတော့ ဖြူစင်သောစိတ်ထားလေးနဲ. ဆုံးဖြတ်ကြတယ်.
လူတိုင်းမှာရှိတဲ့ ချစ်ခြင်းတရားအတွက် အလှကတော့ မပြောင်းလဲသော..
ချစ်ခြင်းရဲ့ သစ္စာရှိခြင်းပါဘဲ...

အချစ်ရှိသူတိုင်း ချစ်တတ်ကြပါစေ...

Friday, December 12, 2008

ဝေးလွင့်ခြင်း.....
အလွမ်းတွေပြည့်နေတဲ့ ငါ့ရင်တစ်စုံအတွက်
ဘယ်မှာလဲ အလွမ်းဖြေစရာ
တိတ်တိတ်လေး ချစ်နေမိတဲ့ ငါ့ရင်တစ်စုံအတွက်
ဘယ်မှာလဲ အချစ်ဆိုတဲ့အရာ
ေ၀၀ါးနေတဲ့ အရိပ်တစ်ခုကို လိုက်ရှာရင်း
လွင့်မျောနေတဲ့ ငါ့စိတ် င့ါနှလုံးသားကို
ရပ်တန့်စေဖို့ ငါမခိုင်းစေနိုင်.
ချစ်တတ်တဲ့ နှလုံးသားတစ်စုံအတွက်
ပေးဆပ်ရတဲ့အရာက....
အကြိမ်ကြိမ် ငြင်းပယ်ခံရတဲ့ချစ်ခြင်းအတွက်...
နှစ်သိမ့်စရာ အဖြေက နာကျင်ခြင်းတွေလား...


Sunday, September 21, 2008

ရည်ရွယ်ရာ


စိတ်စေရာ လူကလိုက်
လုပ်သလို မဖြစ်ရင် စိတ်ကခိုက်.

ရင်ထဲက သံယောဇဉ် ကြိုးတစ်စ
ကြာလေလေ ရစ်ဖွဲ့မပြေ
လွင့်မျောအတွေးမှာ အရိပ်ပမာ
တိတ်တခိုးနှောင်ဖွဲလာသော အချစ်
လွမ်းတိုင်းမျက်ရည်မိုး ကျခဲ့ရမျက်ဝန်းအိမ်
ရင်နင့်အောင် ချစ်သလို ရင်နစ်အောင် နာကျင်ရ
စချစ်တဲ့ချစ်ခြင်း...
အချစ်ကိုစသိခဲ့
တိတ်တခိုးနဲ့ စခဲ့ရချစ်ခြင်းတစ်ခု
အဆုံးသတ်တော့လည်း တိတ်တခိုးနဲ့ဘဲ အဆုံးသတ်..

အလွမ်းရဲ့ တိတ်တခိုးအချစ်


Sunday, April 27, 2008

တမ်းတရက်......

ဘယ်ဆီ မှန်းမသိ....
လွင့်မျောခြင်း လမင်းတစင်း.......
မှောင်မိုက်သောည အလင်းကဘယ်မှာ.
ကြယ်ဖြူလေးတစ်စင်း သူစွမ်းသလောက်လင်းလက်ပေး 
လမင်းအလင်းနှင့်
ထင်ယောင်ထင်မှား
လမင်းကတော့တိမ်ကြားတိုးဝင်
ပျောက်ကွယ်နေဆဲ....................

Tuesday, February 5, 2008

ဆူးမဲ့နှင်းဆီ ၂

“နှင်းဆီ ဆိုတာ
ဆူးပါမှ တင့်တယ်တယ်“ တဲ့
ကိုယ်ကတော့ ချစ်ရသူမင်းကို
မာနမလို ၀ံကြွားမပိုတဲ့
ဆူးမဲ့နှင်းဆီလေးပဲ ဖြစ်စေချင်တယ်။

အထီးကျန် လမင်း

ဆိတ်သုန်း ထီးကျန်
အလွမ်းဒဏ်ကို
ကုစားဖေးမ ကြင်နာတတ်သည့်
စေတနာ အလှနှင့်
နှမပျိုချော
မရှိသော်လည်း
မြူနှင်း အုပ်ဆိုင်း
တောင်စဉ် ၀ိုင်းသည့်
တောကြီးမျက်မည်း
စမ်းချောင်းထဲတွင်
ဒဏ်ရာမှန်သမျှ
ရေဆေးချခဲ့ပါသည်

မှတ်ချက် (မယုံလျှင် ဧရာဝတ်ီမြစ်ထဲ ဆင်းရှာကြည့်) မြစ်ထဲမှာမတွေ့ရင် လမင်းကြီးကို မေးကြည့်ကြပါ

ပန်းတိုင်

ကြမ်းတမ်း ခက်ထန် လောကဓံကို
ညံ့ခံဒူးထောက် လက်မမြှောက်နှင့်
ခရီးမာကြမ်း သင်မပန်းနှင့်
အလွမ်းကိုတွေး သင်မဆွေးနှင့်
သင့်သွေးခိုင်ခိုင်
အားသစ်ဖြိုင်လော့
ပန်းတိုင် မုချရောက်ရမည်။

အာဂလူသား....................

တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန် ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုး လျှောက်ရပြန်
ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘူး
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား
စခဲ့မိတာကြောင့်
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းရယ် အသာဖြေဦး
မာလာငွေ စမ်းရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင်သစ်လိုက်ပေါ့
အာဂလူသား ဟား ဟား ဟား.......................

Tuesday, January 15, 2008

ချစ်တတ်သူရဲ့ အကြံကောင်း

ကျောက်မျက်ရတနာရောင်းသော ဆိုင်တစ်ဆိုင်တွင် လူငယ်တစ်ယောက်သည် တန်ဖိုးကြီးမားသော လည်ဆွဲလော့ကတ်သီးတစ်ခုကို သူ့ ချစ်သူကောင်မလေးကို လက်ဆောင်အဖြစ်ဝယ်ပေးလိုက်သည်။
“ဒီလော့ကတ်သီးပေါ်မှာ သူမရဲ့ နာမည်ကိုများ ရေးထွင်းပေးလိုက်ရမလားရှင်” ဟု ရတနာရောင်းသူက မေးလိုက်သည်။”
ဝယ်သူက တစ်ခဏ စဉ်းစားလိုက်ပြီးမှ ပြန်ပြောလိုက်သည်မှာ ”ဟင့်အင်း၊ ကျွန်တော်ရဲ့ တစ်ဦးတည်းသော ချစ်ရသူအတွက်လို့ပဲ ရေးပေးပါဗျာ၊ ဒါမှ ကျွန်တော်တို့ ကွဲသွားကြရင် ကျွန်တော်ပြန်ပြီး နောက်ထပ်သုံးလို့ ရမှာပေါ့”

မောင်မောင်မြင့်သိန်း (အချစ်ဟာသ)

တော်ပါတော့

သင်္ဘောပျက် တစ်စင်းမှ သဘောင်္သား နှစ်ယောက်သည်ပင်လယ်ထဲတွင် ဖောင်တစ်ခုနှင့်မျောနေကြသည်။ ရက်ကြာလာသော အခါသဘောင်္သားတစ်ယောက်သည် ဒူးထောက်လျက် ဘုရားသခင်ထံဆုတောင်းတော့သည်။
”အို...ဘုရားသခင်၊ တပည့်တော်ဟာ ကောင်းကောင်းမနေခဲ့ပါဘူး၊ အရက်ကိုလည်း အလွန်အကျွံ သောက်ခဲ့ပါတယ်၊ ပြီးတော့ လိမ်ညာပြီးတော့လည်း ပြောခဲ့ပါတယ်။ ရိုးသားမှုလည်းမရှိခဲ့ပါဘူး၊ လောင်းကစားလည်းလုပ်ခဲ့ပါတယ်။ မိန်းမတွေနဲ့လည်းရှုပ်ပွေခဲ့ပါတယ်။ တပည့်တော်ဟာ မကောင်းတာမှန်သမျှ အကုန်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် တပည့်တော်ကို သနားသဖြင့် ကယ်တော်မူပါ. တပည့်တော် ကတိပြုပါတယ်“
“ဟေ့ကောင် တော်တော့ကွာ၊ ငါတို့က ကမ်းနားရောက်နေပြီကွ” ဟု ကျန်သဘောင်္သား တစ်ယောက်က လှမ်းအော်ပြောလိုက်လေသည်။“

တင်ဆွေမိုး ဟာသ

Friday, January 11, 2008

ဆောင်းညအိပ်မက်

နှလုံးသားမှ ပဲ့တင်သံ
ခိုက်ခိုက်တုန် ချမ်းအေးလှတဲ့
ဆောင်းညတွေမှာ ကြင်ဖော်မရှိ
သတိရနေမိခဲ့တာ အခါခါပါ
မတတ်သာ ခွဲခွာရ တစ်နယ်စီဝေး
ဆွေးနေရခဲ့ ဖော်မပါဘဲ
တစ်ကိုယ်တည်းသာ
မထင်မှတ်ဘဲ ရုတ်တရက်
ကြားလိုက်ရတဲ့ မြည်သံတစ်ခု
နှလုံးလှပ်တုန် ရင်ခုန်ရသည်
တယ်လီဖုန်းမြည်သံ အိပ်မက်တစ်ခုလား
ဝိုးတ၀ါးနဲ့ နိုးထလိုက်တော့
ချစ်သူကို လွမ်းလွန်းလို့
စိတ်ထဲမှာစွဲထင် ချစ်စိတ်ဝင်လာ
မပီဝိုးတ၀ါး မက်ခဲ့ရပေါ့
ဆောင်းညအိပ်မက်.....................