Sunday, September 21, 2008

ရည်ရွယ်ရာ


စိတ်စေရာ လူကလိုက်
လုပ်သလို မဖြစ်ရင် စိတ်ကခိုက်.

ရင်ထဲက သံယောဇဉ် ကြိုးတစ်စ
ကြာလေလေ ရစ်ဖွဲ့မပြေ
လွင့်မျောအတွေးမှာ အရိပ်ပမာ
တိတ်တခိုးနှောင်ဖွဲလာသော အချစ်
လွမ်းတိုင်းမျက်ရည်မိုး ကျခဲ့ရမျက်ဝန်းအိမ်
ရင်နင့်အောင် ချစ်သလို ရင်နစ်အောင် နာကျင်ရ
စချစ်တဲ့ချစ်ခြင်း...
အချစ်ကိုစသိခဲ့
တိတ်တခိုးနဲ့ စခဲ့ရချစ်ခြင်းတစ်ခု
အဆုံးသတ်တော့လည်း တိတ်တခိုးနဲ့ဘဲ အဆုံးသတ်..

အလွမ်းရဲ့ တိတ်တခိုးအချစ်