Sunday, September 4, 2011

jealous

ပြည်စုံတဲ့ မိသားစုတစ်ခုကို တွေ့ဆုံရရင် ငါ J ၀င်တယ်... ဘာလို့လဲ ငါက broken family

အရာရာ ပြည့်စုံတဲ့ ပတ်ဝန်းကျင်ကို ပိုင်ဆိုင်တဲ့ လူကို တွေ့ရင် ငါ J ၀င်တယ် ဘာလို့လဲ အမှီမရှိတဲ့ ငါက တစ်ချိန်လုံး ရုန်းကန်နေရတယ်..

ဒါပေမယ့် ငါ ကျေနပ်တယ်.. ငါကြိုးစားလို့ရတဲ့ ဘ၀ကို ငါပျော်နေပီ ငါ့အတွက် လာတဲ့အရာအားလုံးငါလက်ခံယူမယ်....

တက်လမ်း

အချိန်တွေကုန်လာတာနဲ့အမျှ ခံစားမှုတွေ နာကျင်မှုတွေ ကြုံဆုံရသလို ဘ၀မှာပျော်ရွှင်စရာ ကြည်နူးစရာတွေလဲ ပါတတ်ပါတယ်... ဘ၀မှာအပြောင်းအလဲလေးတွေနဲ့ တွေ့ကြုံရမှ ဘ၀က အဓိပ္ပါယ်ရှိသလို ခံစား၇တယ်.. နာကျင်မှုတွေပြီးရင် ပျော်ရွှင်မှုတွေလာသလို ... အဆင်မပြေတဲ့နေ့တွေ ကြုံဆုံပြီးရင်လဲ ပြေလည်မှုတွေပြန်လာတတ်ပါတယ်... ဘ၀မှာ မျှော်လင့်ချက်ရှိမှ အဓိပ္ပါယ်ရှိသလို ဘ၀မှာ အဓိပ္ပါယ် ရှိတာတွေလုပ်ဆောင်ဖို့လဲ မျှော်လင့်ကြိုးစားနေရမယ်. .. အခက်အခဲတွေ ပီးရင် ပြေလည်မှုတွေရောက်လာတတ်ပါတယ်... အမြဲပြည့်စုံနေတဲ့ ဘ၀က အဓိပ္ပယ် မဲ့သလို တက်ကြွလန်းဆန်းမှုတွေလဲ ဆိတ်သုန်းရတယ်... နောက်ပိုင်းလာမယ့် အရာတွေကို မကြောက်တတ်တော့ဘူး ဘ၀အတွက် အခက်အခဲတွေ ဘာတွေခံစားရမလဲ နာကျင်ရမလဲ အားလုံးကို စိန်ခေါ်တတ်ပီ ............ငါမကြောက်တတ်တော့ဘူး... :)