Saturday, December 22, 2007

ဆူးမဲ့ နှင်းဆီ

နှင်းဆီရဲ့ အလှ
ကိုင်းထက်မှာ ၀င်ကြွား
သူ့ရဲ့အလှ ကာရံက
မာကျောတဲ့ ဆူးပင်တွေ
ဒါပေမယ့် သူ့သခင်အတွက်တော့
နှင်းဆီလေးက...........ဆူးမရှိတဲ့ .....ဆူးမဲ့နှင်းဆီ.................

Wednesday, December 19, 2007

ခွန်းချိုစကား

မင်းပြောတဲ့ စကားတိုင်း
ငါ့နှလုံးသားက သိမ်းဆည်းထား
စကားတိုင်းဟာ ချိုသာတယ်ထင်
ဒါပေမယ့်လည်း...........
တစ်ခါတစ်ရံ ချိုသောစကားမှာ
ုခါးသက်မှုပါမှာ ငါကြောက်တယ်.................

မင်းဆီကတစ်ဆင့်


အလုပ်တိုက်တစ်ခုတွင် ဖြစ်သည်။ တယ်လီဖုန်း ခေါင်းလောင်းသံသည် ဆူညံမြည်ဟည်းလျက် ရှိသည်။ ချစ်စရာကောင်းသော စာရေးမလေးတစ်ဦးသည် ကနွဲ့ကလျနှင့် ထိုင်ရာမှထပြီး တယ်လီဖုန်းစကားပြောခွက်ကို
ကောက်ကိုင်ကာ စကားပြောနေသည်။
ဆရာ..တယ်လီဖုန်း လာနေတယ်။
ဘယ်ကလဲဟေ.့..
ဆရာ့ အမျိုးသမီးဆီကပါ၊ သူက ဆရာ့ကို မွှေးမွှေး ပေးချင်လို့တဲ့.
အိုကွာ....ငါ အလုပ်တွေ သိပ်များနေတယ်။ မင်းပဲခဏလောက် လက်ခံထားလိုက်စမ်းပါ၊ ထမင်းစားချိန်ရောက်မှ ငါ မင်းဆီကတစ်ဆင့် ယူတော့မယ်“ ဟူ၏။

စိန်ငှက်ရိုး ဟာသအချစ်မှ

Tuesday, December 18, 2007

ကြုံဖူးလို့


တစ်ခါက ဇနီးမောင်နှံနှစ်ယောက်သည် စားသောက်ဆိုင်တစ်ခုတွင် သွားရောက်စားသောက်ပြီး ငွေရှင်းကာနီး ပိုက်ဆံအိတ် အိမ်မှာမေ့နေသည်ကို သိရတော့သည်။
ကျွန်တော့်ဇနီးသည်ကို ဒီမှာထားခဲ့ပါ့မယ့်. ကျွန်တော့်အိမ်မှာ ပိုက်ဆံပြန်ယူပါဦးမယ်။
ဟာ..မဖြစ်ဘူးခင်ဗျ. တခြားထားခဲ့စရာ မရှိတော့ဘူးလား၊ ဥပမာ နာရီတို့ ဘာတို့ပေါ့ဗျာ.
ခင်ဗျာ....ဇနီးသည်တစ်ယောက်လုံးထားခဲ့တာ မလုံလောက်သေးဘူးလား.
ဟုတ်ကဲ့ခင်ဗျာ....အဲဒီလိုနဲ့ တစ်ခါကလည်းမိန်းမတစ်ယောက်ရခဲ့ဖူးလို့ပါ......ဟုဆို၏။

အချစ်ဟာသ

ကောင်လေးတစ်ယောက်က နေ့စဉ်နေ့တိုင်း လမ်းမှာ စောင့်ပြီး ကောင်မလေးကိုချစ်ရေးဆိုသည်။ ဒါကို ကောင်မလေးက စိတ်ရှုပ်လာသဖြင့် ကြံရာမရဖြစ်သောကြောင့် .........
နင့်ကို တစ်ခုတော့ သတိပေးလိုက်မယ်၊ ငါ့အစ်ကိုနဲ့တွေ့ရင် နင်မလွယ်ဘူး... င့ါအစ်ကိုက လက်ဝှေ့ချန်ပီယံ
တစ်ယောက်ပဲ...
ကောင်ကလေးက လန့်ဖျပ်မသွားဘဲ............
အခုလို သတိပေးတာ ကျေးဇူးပါဘဲ. ငါလည်း နင့်ကိုပြောဖို့မေ့နေတယ်။ ငါက အပြေးချန်ပီယံလေ...ဟူ၏။


Tuesday, December 11, 2007

မျှော်လင့်ခြင်း

ယုံကြည်မှု အပြည့်ဖြင့် သင်မျှော်လင့်ထားသော အရာအားလုံးတို့သည် သင့်နှင့် သင်၏ပတ်ဝန်းကျင်တွင် အမှန်တကယ်ဖြစ်လာတတ်၏။
သင်၏ ပြုမူဆောင်ရွက်မှု အားလုံးကို သင်၏မျှော်လင့်ချက် ကောင်းများဖြင့် အံဝင်ခွင်ကျဖြစ်ပါစေ။ ထိုအခါတွင် သင်၏ ပတ်ဝန်းကျင်မှ လူအားလုံးတို့သည် သင့်မျှော်လင့်ချက်များအတိုင်း ဖြစ်ပေါ်လာစေရန် ပြုမူပြောဆို ကြံစည်ကြလိမ့်မည်။

ပြင်ဆင်ခြင်း

ကံကောင်းခြင်းဟူသည်မှာ သင်၏ ကြိုတင်ပြင်ဆင်ထားမှုနှင့် ထိုပြင်ဆင်မှုကို အသုံးချနိုင်သော အခွင့်အရးတစ်ရပ်တို့ တိုက်ဆိုင်သွားခြင်းသာ ဖြစ်၏။ ပြီးပြည့်စုံသော စွမ်းဆောင်ရည်တစ်ခုသည် ပင်ပန်းဆင်းရဲကြီးစွာ ပြင်ဆင်ခဲ့ခြင်းတွင် သဒေတည်၏။ ပြင်ဆင်သည်ဆိုရာတွင် သီတင်းပတ်ပေါင်းများစွာ၊ လပေါင်းများစွာ၊ သို့မဟုတ် နှစ်ပေါင်းများစွာလည်းဖြစ်နိုင်၏။ အောင်မြင်သူမှန်သမျှတွင် ကြိုတင်ပြင်ဆင်ခဲ့သော ကာလရှည်ကြာစွာရှိခဲ့၏။


Success ထာဝရအောင်မြင်ရေးနီတိမှ