Thursday, November 29, 2007

ဘူတာရုံ


ဘူတာရုံ

အမေကပြောတယ်
ငါ့သား စာကြိုးစားနော်တဲ့
အမေက
လိမ်လိမ်မာမာနေနော်တဲ့
ကျေးဇူးပြုပြီးနားဆင်ပါခင်ဗျာ
ရေခဲရေရမယ် ရေခဲရေ
တွဲ (၁) ကရှေ့နားမှာ
လိုင်း(၁) မှာ ဆိုက်မှာ
နောက်ဆုတ် နောက်ဆုတ်
အဘကို သတိရတယ်လို့ ပြောလိုက်နော်
မုန်ကြွပ်တွေရမယ်
ဟိုရောက်ရောက်ချင်းဖုန်းဆက်နော်
ငုံးဥရမယ် ကြက်ဥပြုတ်ရမယ်
ကောင်းကောင်းသွားနော်
လက်မှတ်တွေ မှတ်ပုံတင်တွေကော
ပစ်စည်းတွေ ဂရုစိုက်နော်
အိမ်အပြန်လက်ဆောင် ယူကြဦးမလား
ထမင်းထုပ် ရမယ် ထမင်းထုပ်
ဂျုပ် ဂျုပ် ဂျက် ဂျက်
ဘော်..................ဘူ.....................



Wednesday, November 28, 2007

ချွင်းချက်


ချစ်သူ
မမေ့တတ်တာ
မှတ်မိလို့ပဲထင်ပါရဲ့
လေ့ကျင့်ရင်းသင်ယူ
သင်ယူရင်းလေ့ကျင့်နဲ့
မေ့ခြင်းပညာအဖြာဖြာကို
တစ်ဘက်စွန်းရောက်
ငါတတ်မြောက်နေပြီ.
ကျောင်းမှာလဲမေ့
အိမ်မှာလဲမေ့
လမ်းပေါ်မှာမေ့
ကျူရှင်မှာမေ့
ဟိုမေ့ဒီမေ့
အင်မတန်မေ့တဲ့
ငါဆိုတဲ့ကောင်မလေးမှာ
မမေ့ရက်နိုင်တာ
နင်တစ်ယောက်ထဲပါ...

တဖက်သတ် အချစ်


နှလုံးသားထဲက စူးရှဝေဒနာ
အချည်းနှီး ကွယ်ဝှက်နေမိတယ်
တည်ငြိမ်သယောင် အချည်းနှီး
ဟန်ဆောင်နေမိတယ် တကယ့်တကယ်
တစ်မိနစ်လေးတောင် တည်ငြိမ်အောင်
ကြိုးစားပေမယ့် မရပါကွယ်.....................

အခမဲ ကူညီကြသူများ


ကိုယ်ခံစားနေရတဲ့ ဝေဒနာတစ်ရပ်အတွက်
ဦးနှောက်နဲ့ နှလုံးသားကို
အကူအညီ တောင်းကြည့်တဲ့အခါ
သူတို့ဟာ လှုပ်လှုပ်ရှားရှားနှင့်
ဗျာများသွားကြလေရဲ့
ဒါပေမယ့်
ချက်ချင်းဆိုသလိုပဲ
အဖြေကို ပြိုင်တူထုတ်ပေးကြတယ်
အဲဒါ အချစ်လို့ ခေါ်တယ်တဲ. ...........................



မျှော်လင့်ခြင်း



အကြည့်ချင်းဆုံ ရင်တွေခုန်တိုင်း
ကိုယ့်ကို ချစ်သူ
ထင်မိသော်လည်း
သူ့မှာတွယ်တာ
ကြိုရှိသူမို့
ကိုယ့်ဘက်ကသာ
မရိုးမသား
ဖြစ်နေခြင်းကို
သူသိရင်တော့
ဟားတိုက်ရယ်မော
လှောင်ပြောင်လိမ့်မယ်
ထင်ရတယ်................................။

Tuesday, November 20, 2007

လေ့လာသင်ယူမှုမရှိသော လူတိုင်းအတွက်အောင်မြင်မှုမရနိုင် တိုးတက်အောင်မြင်အောင်ကြိုးစားအားထုတ်မှုမရှိသော ဘ၀ရှင်သန်မှုသည်လဲ အချဉ်းနှီးသာဖြစ်သည်။

ိအလင်းမဲ့

အနုအရွ အယုအယတွေ မပါပေမယ့် သမုဒယ ဆိုတဲ့ဒီနှောင်ကြိုး ထပ်တိုးလို့ချည်နျောင် ဒီမောင်မှာ ရင်ထဲမချိတယ် စွဲငြိတယ်ကွယ် တကယ်ဖြူစင်တဲ့မေတ္တာ နှစ်တစ်ရာတိုင်မှာပါ မခေါ်တစ်ရင် မြင်လျက်နဲ့လွမ်းရသလို မမြင်တစ်ရက် ကြင်လျက်နဲ့လည်း လွမ်းရပါတယ်

Monday, November 19, 2007

ကျွမ်းကျင်မှုနှင့် ဗဟုသုတ

မြည်သည့် ပညာရပ်နယ်ပယ်တွင် မဆိုသက်ဆိုင်ရာ
ဗဟုသုတနှင့် ကျွမ်းကျင်မှု အပြည့်ဝဆုံး သူသည် ကံအကောင်းဆုံး
ဖြစ်လေ့ရှိသည်။
ကျယ်ပြန့် တိုးတက်အောင် လေ့လာသိုမှီးထားသော ဗဟုသုတ
နှင့်ကျွမ်းကျင်မှုတို့သည် သင်၏ပါ့းနပ် သိမြင်မှုကို ပိုမိုထက်မြက်စေပြီး အခွင့်
အရေးကောင်းများ ကိုပိုမို ကျုယ်ပြန့်စွာ ရရှိနိုင်စေသည်။
Universal LAWS SUCCESS from

Sunday, November 18, 2007

စွမ်းရည်

ကြိုတင်ပြင်ဆင်ထားခြင်းနှင့် ထိုပြင်ဆင်ထားမှုကို အသုံးချရန် အခွင့်အရေးတို့ တွေ့ဆုံသွားသောအခါ ထိုသူကို ကံကောင်းသည်ဟုဆိုလေ့ရှိသည်။
မည့်သည့်ပညာရပ်နယ်ပယ်တွင်မဆို မိမိ စွမ်းရည်ကိုတိုးတက်ဖွံဖြိုးအောင် မပြတ်လေ့ကျင့် ပြင်ဆင်ထားလေလေ မိမိအတွက် ကံကောင်းခြင်းများ ပေါ်ပေါက်လာရန် နီးစပ်လေလေဖြစ်သည်။

ထာဝရအောင်မြင်ရေးနီတိမှ

Thursday, November 8, 2007

My Blog

စံပယ်ဖြူဖွေးရဲ့ ဘလော့ဂ်ပါ။ စံပယ်ဖြူဖွေး ဒါမှ မဟုတ် စံပယ်ဖြူနုလို့လည်း ခေါ်နိုင်ပါတယ်။

Internet Browser

အော်ပရာနဲ့ သုံးကြည့်ပါတယ်။ မမြင်ရပါဘူး။ မြန်မာလိုရေးထားတာတွေက တုတ်ချောင်းပုံစံတွေ ဖြစ်နေပါတယ်။ တခြား ဘရောက်ဇာကို ပြောင်းသုံးကြည့်ပါတယ်။ ဖိုင်းယားဖောက်စ်ကတော့ အဆင်အပြေဆုံးပါပဲ။

ပထမဆုံးပို့စ်

ပထမဆုံးပို့စ်ပါ။ မြန်မာလိုရိုက်ထားပါတယ်။ မြင်ရပါသလား။ လာလည်သူအားလုံးကို ကျေးဇူးတင်ပါတယ်။