ဘူတာရုံ
ဘူတာရုံ
အမေကပြောတယ်
ငါ့သား စာကြိုးစားနော်တဲ့
အမေက
လိမ်လိမ်မာမာနေနော်တဲ့
ကျေးဇူးပြုပြီးနားဆင်ပါခင်ဗျာ
ရေခဲရေရမယ် ရေခဲရေ
တွဲ (၁) ကရှေ့နားမှာ
လိုင်း(၁) မှာ ဆိုက်မှာ
နောက်ဆုတ် နောက်ဆုတ်
အဘကို သတိရတယ်လို့ ပြောလိုက်နော်
မုန်ကြွပ်တွေရမယ်
ဟိုရောက်ရောက်ချင်းဖုန်းဆက်နော်
ငုံးဥရမယ် ကြက်ဥပြုတ်ရမယ်
ကောင်းကောင်းသွားနော်
လက်မှတ်တွေ မှတ်ပုံတင်တွေကော
ပစ်စည်းတွေ ဂရုစိုက်နော်
အိမ်အပြန်လက်ဆောင် ယူကြဦးမလား
ထမင်းထုပ် ရမယ် ထမင်းထုပ်
ဂျုပ် ဂျုပ် ဂျက် ဂျက်
ဘော်..................ဘူ.....................
No comments:
Post a Comment