Tuesday, January 15, 2008

တော်ပါတော့

သင်္ဘောပျက် တစ်စင်းမှ သဘောင်္သား နှစ်ယောက်သည်ပင်လယ်ထဲတွင် ဖောင်တစ်ခုနှင့်မျောနေကြသည်။ ရက်ကြာလာသော အခါသဘောင်္သားတစ်ယောက်သည် ဒူးထောက်လျက် ဘုရားသခင်ထံဆုတောင်းတော့သည်။
”အို...ဘုရားသခင်၊ တပည့်တော်ဟာ ကောင်းကောင်းမနေခဲ့ပါဘူး၊ အရက်ကိုလည်း အလွန်အကျွံ သောက်ခဲ့ပါတယ်၊ ပြီးတော့ လိမ်ညာပြီးတော့လည်း ပြောခဲ့ပါတယ်။ ရိုးသားမှုလည်းမရှိခဲ့ပါဘူး၊ လောင်းကစားလည်းလုပ်ခဲ့ပါတယ်။ မိန်းမတွေနဲ့လည်းရှုပ်ပွေခဲ့ပါတယ်။ တပည့်တော်ဟာ မကောင်းတာမှန်သမျှ အကုန်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် တပည့်တော်ကို သနားသဖြင့် ကယ်တော်မူပါ. တပည့်တော် ကတိပြုပါတယ်“
“ဟေ့ကောင် တော်တော့ကွာ၊ ငါတို့က ကမ်းနားရောက်နေပြီကွ” ဟု ကျန်သဘောင်္သား တစ်ယောက်က လှမ်းအော်ပြောလိုက်လေသည်။“

တင်ဆွေမိုး ဟာသ

No comments: