Friday, January 11, 2008

ဆောင်းညအိပ်မက်

နှလုံးသားမှ ပဲ့တင်သံ
ခိုက်ခိုက်တုန် ချမ်းအေးလှတဲ့
ဆောင်းညတွေမှာ ကြင်ဖော်မရှိ
သတိရနေမိခဲ့တာ အခါခါပါ
မတတ်သာ ခွဲခွာရ တစ်နယ်စီဝေး
ဆွေးနေရခဲ့ ဖော်မပါဘဲ
တစ်ကိုယ်တည်းသာ
မထင်မှတ်ဘဲ ရုတ်တရက်
ကြားလိုက်ရတဲ့ မြည်သံတစ်ခု
နှလုံးလှပ်တုန် ရင်ခုန်ရသည်
တယ်လီဖုန်းမြည်သံ အိပ်မက်တစ်ခုလား
ဝိုးတ၀ါးနဲ့ နိုးထလိုက်တော့
ချစ်သူကို လွမ်းလွန်းလို့
စိတ်ထဲမှာစွဲထင် ချစ်စိတ်ဝင်လာ
မပီဝိုးတ၀ါး မက်ခဲ့ရပေါ့
ဆောင်းညအိပ်မက်.....................

No comments: