Tuesday, March 29, 2011

နှင်းဖြူရဲ့ ဒိုင်ယာရီ -၁-

နှင်းတွေကျနေတဲ့ မနက်ခင်း ကောင်မလေးတစ်ယောက်ငိုနေတယ်...

သူ့အကိုမိန်းမ ဈေးဝယ်ခိုင်းလိုက်တဲ့ ပိုက်ဆံ တစ်ကျပ် မြောင်းတံတားမှာ ကျသွားလို့ အိမ်မပြန်ရဲလို့လေ.

နှင်းဖြူမှာ ဖအေတူ မအေကွဲ အကိုနှစ်ယောက်နဲ့ အမ တစ်ယောက် သူ့ရဲ့ မွေးချင်းအစ်မ နှစ်ယောက်လဲရှိတယ်..နှင်းဖြူ တို့ညီအစ်မတွေက သူတို့လက်ထဲမှာကြီးပျင်းခဲ့တယ်

သူတို့ကတော့ သူတို့ မောင်နှမ သုံးယောက်ကိုပဲ သွေးချင်းလိုသတ်မှတ်ကြတယ်... အဲဒီအချိန်က နှင်းဖြူ အသက်က 9နှစ်သမီးအရွယ်လေးပေါ့... နှင်းဖြူတို့က ငယ်တော့ သူတို့ကို ကြောက်ရတယ်...နှင်းဖြူ အဖေက သူ့ရဲ့လုပ်ငန်း ရေခဲလုပ်ငန်းကို သူ့သားအကြီးပြိးတော့ အငယ်ကို ပေးခဲ့တယ်.. သူတို့နဲ့အတူ ထမင်းစားတော့ နှင်းဖြူက သူတို့ ခိုင်းတာလုပ်ရတယ်.. သူတို့သားတွေ ထိန်းပေးရတယ်.. သူ့မိန်းမက ကရင်မလေ အရမ်းစိတ်ထားဆိုးတာပေါ့.........အခုလဲ နှင်းဖြူ အိမ်မပြန်ရဲပဲ လမ်းထိပ်မှာငိုနေတာကို လမ်းထိပ်က ဆေးဆိုင်က ဦးဦးက နှင်းဖြူ အတွက် ပိုက်ဆံတစ်ကျပ်စိုက်ပေးလို့ အိမ်ပြန်ရဲခဲ့တယ်.. အဲဒီဦးဥိးကို နှင်းဖြူ ဘယ်တော့မှ မမေ့ဘူး...အမြဲမှတ်မိနေခဲ့တယ်..............နှင်းဖြူဘ၀မှာ အမှတ်တရ ဦးဦးတစ်ယောက်ပေါ့း) နှင်းဖြူ ၄တန်းလောက်မှာ ဖောပီးအပြင်းဖျားတယ်... အမေမရှိတော့ အမအကြီးဆုံးကပဲ ကုန်းပုံးပီး ဆေးရုံကို လိုက်ပို့ရတယ်... ဆေးရုံသွားဖို့ ပိုက်ဆံမရှိတော့ အမ သူငယ်ချင်းက ကူညီခဲ့တယ်... အမကြီးအမိရာ နှင်းဖြူရဲ့အသက်က အမကြောင့် ဆက်တည်မြဲခဲ့တယ်... အဲဒီနှစ်က လေးတန်းအစိုးရစစ်စားမေးပွဲမဖြေခဲ့ရပဲ တစ်နှစ်ကျခဲ့တယ်... အမေ....

Wednesday, March 9, 2011


ညီမတွေကို အမြဲ အားပေးတတ်တဲ့ အမ စံပယ်ကို ကျေးဇူးတင်လျက် ... ...း)

အသက်ရှင်ရင်း နဲ့ ဘ၀ရဲ့တိုက်ပွဲတွေ နွှဲရင်း.....း)

Tuesday, August 11, 2009

““ဘ၀””

ဘ၀တစ်ခုရဲ့ မွေးဖွားခြင်းအစ
လူ့လောကကို စရောက်တဲ့နေ့
ပိုင်ဆိုင်တယ်လို့ သိရတာက
အူဝဲဆိုတဲ့ သံစဉ်တစ်ပုဒ်ဘဲ
မျက်ဝန်းက ရှာနေတတ်တယ်
ငါ့ကိုမွေးဖွားပေးတဲ့ အမေ
တောင့်တမိတယ် နို့ရည်တစ်စက်
ဆာလောင်ခြင်း နာကျင်ခြင်းတွေ
ဖော်ပြဖို့က ငိုယိုခြင်းပေါ့
အချိန်တွေ ရက်တွ နှစ်တွေနဲ့
ကြီးရင့်ခြင်းနောက်မှာ
ငါရှာနေတဲ့ အမေ
တောင့်တမိတဲ့မေတ္တာတွေ
ဆာလောင်ခြင်း နာကျင်ခြင်းတွေ
ဖော်ပြဖို့ ငါမငိုတတ်တော့
မျိုသိပ်ခြင်းရဲ့ အရသာကို
ခုံမင်တတ်အောင် လေ့ကျင့်ရင်း
ဘ၀က တရွေ့ရွေ့ပေါ့. .
အေးစက်စက်မျက်ဝန်း
ပြတ်သားတဲ့ နှုတ်ခမ်းတစ်စုံ
ပိုင်ဆိုင်ပေမယ့်
မမြင်နိုင်တဲ့ စိတ်ဝိညဏ်မှာ
စိုးရိမ်ခြင်း ကြောက်လန့်အားငယ်ခြင်း
ဖုံးလွှမ်းနေတတ်တယ်
ဘ၀တလျှောက် အကောင်းအဆိုး
ကိုယ်ပိုင်ဆုံးဖြတ်
ရဲရဲ လျှောက်ရင်း အခက်အခဲ ကြုံတိုင်း
ဖွင့်ဟပြောဖို့ တောင့်တမိခဲ့
နွေးထွေးတဲ့ ရင်ခွင်တစ်စုံ. . .
ငတ်မွတ်ခြင်းတွေ လစ်ဟာနေတဲ့
နှလုံးသားအတွက်
ဖြည့်စွက်ခြင်းတွေ ရောက်လာပေမယ့်
ကြောက်လန့်ခြင်းတွေ အမြဲဖုံးလွှမ်းနေတတ်တဲ့
နှလုံးသားက စိုးရွ့မှုတွေနဲ့ တွေဝေနေရင်း.................အထီးကျန်စွာ


Saturday, December 13, 2008

ကျွန်မရဲ.ချစ်ခြင်း ၁

ဒီခေါင်းစဉ်လေးဘဲ ကောင်းမယ်ထင်ပါတယ်..နော်. ဘာလို့လဲဆိုတော့ အခုကျွန်မရဲ့ ချစ်ခြင်းအကြောင်းပြောမှာဆိုတော့.. ``လူတိုင်းမှာ အချစ်ဆိုတာရှိကြတယ်တဲ့.. ဒါကတော့ ကျွန်မပြောတာမဟုတ်ပါဘူးနော်... လူတိုင်းပြောကြတဲ့စကားတစ်ခွန်းပေါ့.. အချစ်ဒသနအကြောင်းတွေ ပြောလောက်အောင် အချစ်နဲ့ပက်သက်ရင် ကျွန်မက ရင့်ကျက်တဲ့သူ မဟုတ်ပါဘူး..အင်း..အခု ကျွန်မပြောတဲ့ ချစ်ခြင်းအကြောင်းလေးကို ဖတ်ကြည့်ပေးကြပါနော်... ကျွန်မစာမရေးတတ်ပါဘူး.. ဒါပေမယ့် ခံစားတတ်တဲ့လူတစ်ယောက်မှာ ရေးစရာစကားလုံးတွေ စာရွက် မလောက်နိုင်အောင် များပြားတယ်ဆိုတာ ရှင်တို့လည်း သိမှာပေါ့နော်.. ကျွန်မရဲ့ ချစ်ခြင်းကိုပြောရရင် ကျွန်မဘ၀အကြောင်းလေးလည်း တစ်စိတ်တစ်ဒေသ ပါမှဖြစ်မှာလေ..ကျွန်မဘ၀က ငယ်ငယ်တည်းက အထီးကျန်ဆန်တယ်.. အချစ်ဆိုတာကို မိဘ၊ ညီအစ်ကိုမောင်နှမ ကြားမှာတောင်မသိခဲ့ရဘူး..ဖြတ်သန်းခဲ့တဲ့ ဘ၀တလျှောက်မှာ မနူးညံ့အတွက် အချစ်ဟာ ကျွန်မအတွက်တော့ ပျက်လုံးတစ်ခုလိုပါဘဲ.. ငယ်ငယ်တည်းက မိသားစု အားနည်းချက်ကြောင့် လူတောမတိုးရဲခဲ့တဲ့ ကျွန်မဟာ ချစ်ခင်စရာ သူငယ်ချင်းကောင်းတွေတော့ ရခဲ့ဖူးပါတယ်.. ဒါပေမယ့်ခဏတာ တကွေ့မှာ တွေ့ကြပြီး နောက်တော့လဲ ကိုယ့်လမ်းကိုယ် လျှောက်ကြရတာပေါ့နော်... တက္ကသိုလ် တတ်တဲ့တလျှောက်မှာ ပျော်စရာတွေ ရှိခဲ့သလို စိတ်ညစ်စရာ စိတ်ပင်ပန်းစရာတွေလဲ ကြုံခဲ့ရတာပေါ့.. လူတောမတိုးတဲ့ ကျွန်မအတွက်တော့ သူငယ်ချင်းနည်းနည်းလေးကဘဲ ကျွန်မအတွက်တော့ ပျော်ရွှင်ကျေနပ်စရာ လက်ဆောင်ကောင်းတွေပါဘဲ.. ကျွန်မစိတ်ညစ်စရာ ပျော်စရာတွေကို မျှဝေခံစားပေးကြတယ်..တစ်ခါတစ်လေကျတော့ သူတို့စကားနားမထောင်တဲ့ ကျွန်မကို ဆရာလုပ်တတ်ကြသေးတယ်လေ.. ခေါင်းမာတတ်တဲ့ ကျွန်မအတွက် သူတို့တွေလဲ စိတ်ညစ်ခဲ့ရဘူးပါတယ်..ကျွန်မဘ၀အတွက်တော့ သူတို့တွေဟာ ချစ်စရာ အကောင်းဆုံး မမေ့နိုင်တဲ့ သူငယ်ချင်းကောင်းတွေပါဘဲ.. ကျွန်မချစ်တဲ့ လူတွေ အကြောင်းရေးမယ်ဆိုရင် ကုန်မှာမဟုတ်တော့ဘူး.. သြော်...ပြောရအုံးမယ်..ဒီလိုနဲ့ ကျွန်မဘ၀မှာ နောက်ထပ်ချစ်မြတ်နိုးရမယ့် လူတစ်ယောက်ကိုထပ်တွေ့ခဲ့သေးတယ်...သူကတော့ ကျွန်မခေါင်းစဉ်ရဲ့ အဓိက ပုံရိပ်လေးပေါ့နော်..ကျွန်မဘ၀ရဲ့ အဓိက သရုပ်ဆောင်ဆိုရင်လည်းမမှားဘူးပေါ့...သူကကြင်နာတတ်တယ်.. စိတ်ထားဖြူတယ်..ဂရုစိုက်တတ်တယ်.. ကျွန်မငတ်မွတ်နေတဲ့ အရာတွေကို သူကပေးနိုင်တယ်.. ဒါကြောင့်ကျွန်မချစ်မိတာ လွန်တယ်မထင်ပါဘူး.. အချစ်ဆိုတာ နှစ်ဖက်စလုံးက တုံ့ပြန်မှုရှိမှ အချစ်ဆိုတာ ဖြစ်လာတာ မဟုတ်ပါဘူး.. တစ်ယောက်က ချစ်နေရင်ဘဲ အချစ်ဆိုတာ ဖြစ်ပေါ်လို့ရပါတယ်..ရှင်တို့ကော ဘယ်လိုထင်လဲ ကျွန်မဘက်က ထောက်ခံတယ်မှတ်လား.. အဟား....ကျွန်မကြောင့် သူစိတ်ညစ်ရသလို ပျော်ရွှင်တဲ့အခါလည်း ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်နေတယ်..

ဆက်ရန်....

အလှတရား

ပန်းတစ်ပွင့်ရဲ့ အလှကို ရနံ. နဲ.တင်စားရင်
ကောင်းကင်ရဲ့အလှကိုတော့ ကြယ်လေးတွေနဲ့တင်စားကြတယ်.
ပင်လယ်ရဲ့ အလှ ကတော့ လှိုင်းလေးတွေ မပါလို့မဖြစ်ဘူးလေ.
လူတစ်ယောက်ရဲ့ အလှကိုတော့ ဖြူစင်သောစိတ်ထားလေးနဲ. ဆုံးဖြတ်ကြတယ်.
လူတိုင်းမှာရှိတဲ့ ချစ်ခြင်းတရားအတွက် အလှကတော့ မပြောင်းလဲသော..
ချစ်ခြင်းရဲ့ သစ္စာရှိခြင်းပါဘဲ...

အချစ်ရှိသူတိုင်း ချစ်တတ်ကြပါစေ...

Friday, December 12, 2008

ဝေးလွင့်ခြင်း.....
အလွမ်းတွေပြည့်နေတဲ့ ငါ့ရင်တစ်စုံအတွက်
ဘယ်မှာလဲ အလွမ်းဖြေစရာ
တိတ်တိတ်လေး ချစ်နေမိတဲ့ ငါ့ရင်တစ်စုံအတွက်
ဘယ်မှာလဲ အချစ်ဆိုတဲ့အရာ
ေ၀၀ါးနေတဲ့ အရိပ်တစ်ခုကို လိုက်ရှာရင်း
လွင့်မျောနေတဲ့ ငါ့စိတ် င့ါနှလုံးသားကို
ရပ်တန့်စေဖို့ ငါမခိုင်းစေနိုင်.
ချစ်တတ်တဲ့ နှလုံးသားတစ်စုံအတွက်
ပေးဆပ်ရတဲ့အရာက....
အကြိမ်ကြိမ် ငြင်းပယ်ခံရတဲ့ချစ်ခြင်းအတွက်...
နှစ်သိမ့်စရာ အဖြေက နာကျင်ခြင်းတွေလား...