Sunday, September 21, 2008
ရင်ထဲက သံယောဇဉ် ကြိုးတစ်စ
ကြာလေလေ ရစ်ဖွဲ့မပြေ
လွင့်မျောအတွေးမှာ အရိပ်ပမာ
တိတ်တခိုးနှောင်ဖွဲလာသော အချစ်
လွမ်းတိုင်းမျက်ရည်မိုး ကျခဲ့ရမျက်ဝန်းအိမ်
ရင်နင့်အောင် ချစ်သလို ရင်နစ်အောင် နာကျင်ရ
စချစ်တဲ့ချစ်ခြင်း...
အချစ်ကိုစသိခဲ့
တိတ်တခိုးနဲ့ စခဲ့ရချစ်ခြင်းတစ်ခု
အဆုံးသတ်တော့လည်း တိတ်တခိုးနဲ့ဘဲ အဆုံးသတ်..
အလွမ်းရဲ့ တိတ်တခိုးအချစ်
်
ကြာလေလေ ရစ်ဖွဲ့မပြေ
လွင့်မျောအတွေးမှာ အရိပ်ပမာ
တိတ်တခိုးနှောင်ဖွဲလာသော အချစ်
လွမ်းတိုင်းမျက်ရည်မိုး ကျခဲ့ရမျက်ဝန်းအိမ်
ရင်နင့်အောင် ချစ်သလို ရင်နစ်အောင် နာကျင်ရ
စချစ်တဲ့ချစ်ခြင်း...
အချစ်ကိုစသိခဲ့
တိတ်တခိုးနဲ့ စခဲ့ရချစ်ခြင်းတစ်ခု
အဆုံးသတ်တော့လည်း တိတ်တခိုးနဲ့ဘဲ အဆုံးသတ်..
အလွမ်းရဲ့ တိတ်တခိုးအချစ်
်
Sunday, April 27, 2008
တမ်းတရက်......
ဘယ်ဆီ မှန်းမသိ....
လွင့်မျောခြင်း လမင်းတစင်း.......
မှောင်မိုက်သောည အလင်းကဘယ်မှာ.
ကြယ်ဖြူလေးတစ်စင်း သူစွမ်းသလောက်လင်းလက်ပေး
လမင်းအလင်းနှင့်
ထင်ယောင်ထင်မှား
လမင်းကတော့တိမ်ကြားတိုးဝင်
ပျောက်ကွယ်နေဆဲ....................
လွင့်မျောခြင်း လမင်းတစင်း.......
မှောင်မိုက်သောည အလင်းကဘယ်မှာ.
ကြယ်ဖြူလေးတစ်စင်း သူစွမ်းသလောက်လင်းလက်ပေး
လမင်းအလင်းနှင့်
ထင်ယောင်ထင်မှား
လမင်းကတော့တိမ်ကြားတိုးဝင်
ပျောက်ကွယ်နေဆဲ....................
Tuesday, February 5, 2008
ဆူးမဲ့နှင်းဆီ ၂
“နှင်းဆီ ဆိုတာ
ဆူးပါမှ တင့်တယ်တယ်“ တဲ့
ကိုယ်ကတော့ ချစ်ရသူမင်းကို
မာနမလို ၀ံကြွားမပိုတဲ့
ဆူးမဲ့နှင်းဆီလေးပဲ ဖြစ်စေချင်တယ်။
ဆူးပါမှ တင့်တယ်တယ်“ တဲ့
ကိုယ်ကတော့ ချစ်ရသူမင်းကို
မာနမလို ၀ံကြွားမပိုတဲ့
ဆူးမဲ့နှင်းဆီလေးပဲ ဖြစ်စေချင်တယ်။
အထီးကျန် လမင်း
ဆိတ်သုန်း ထီးကျန်
အလွမ်းဒဏ်ကို
ကုစားဖေးမ ကြင်နာတတ်သည့်
စေတနာ အလှနှင့်
နှမပျိုချော
မရှိသော်လည်း
မြူနှင်း အုပ်ဆိုင်း
တောင်စဉ် ၀ိုင်းသည့်
တောကြီးမျက်မည်း
စမ်းချောင်းထဲတွင်
ဒဏ်ရာမှန်သမျှ
ရေဆေးချခဲ့ပါသည်
မှတ်ချက် (မယုံလျှင် ဧရာဝတ်ီမြစ်ထဲ ဆင်းရှာကြည့်) မြစ်ထဲမှာမတွေ့ရင် လမင်းကြီးကို မေးကြည့်ကြပါ
အလွမ်းဒဏ်ကို
ကုစားဖေးမ ကြင်နာတတ်သည့်
စေတနာ အလှနှင့်
နှမပျိုချော
မရှိသော်လည်း
မြူနှင်း အုပ်ဆိုင်း
တောင်စဉ် ၀ိုင်းသည့်
တောကြီးမျက်မည်း
စမ်းချောင်းထဲတွင်
ဒဏ်ရာမှန်သမျှ
ရေဆေးချခဲ့ပါသည်
မှတ်ချက် (မယုံလျှင် ဧရာဝတ်ီမြစ်ထဲ ဆင်းရှာကြည့်) မြစ်ထဲမှာမတွေ့ရင် လမင်းကြီးကို မေးကြည့်ကြပါ
ပန်းတိုင်
ကြမ်းတမ်း ခက်ထန် လောကဓံကို
ညံ့ခံဒူးထောက် လက်မမြှောက်နှင့်
ခရီးမာကြမ်း သင်မပန်းနှင့်
အလွမ်းကိုတွေး သင်မဆွေးနှင့်
သင့်သွေးခိုင်ခိုင်
အားသစ်ဖြိုင်လော့
ပန်းတိုင် မုချရောက်ရမည်။
ညံ့ခံဒူးထောက် လက်မမြှောက်နှင့်
ခရီးမာကြမ်း သင်မပန်းနှင့်
အလွမ်းကိုတွေး သင်မဆွေးနှင့်
သင့်သွေးခိုင်ခိုင်
အားသစ်ဖြိုင်လော့
ပန်းတိုင် မုချရောက်ရမည်။
အာဂလူသား....................
တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန် ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုး လျှောက်ရပြန်
ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘူး
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား
စခဲ့မိတာကြောင့်
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းရယ် အသာဖြေဦး
မာလာငွေ စမ်းရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင်သစ်လိုက်ပေါ့
အာဂလူသား ဟား ဟား ဟား.......................
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန် ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုး လျှောက်ရပြန်
ခါတလေ တကယ်ပန်းတာကြောင့်
တော်ပါပြီ ဆက်မလှမ်းချင်ဘူး
ရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား
စခဲ့မိတာကြောင့်
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းရယ် အသာဖြေဦး
မာလာငွေ စမ်းရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့
မူတသွင် အားအင်သစ်လိုက်ပေါ့
အာဂလူသား ဟား ဟား ဟား.......................
Subscribe to:
Comments (Atom)